Jump to Content

Google ရှိ အားလုံးက သင့်အတွက် ဆောင်ရွက်ပေးနေပါသည်

သင်၏ Google Account သို့ လက်မှတ်ထိုးဝင်ပြီး သင်အသုံးပြုသည့် Google ဝန်ဆောင်မှုများကို အကောင်းဆုံးရယူလိုက်ပါ။ သင်၏ Google အသုံးပြုမှုကို ပုဂ္ဂိုလ်ရေးသီးသန့် ပြုလုပ်ခြင်း၊ နေရာမရွေးမှ သင့်အရေးအကြီးဆုံး အချက်အလက်များကို အလွယ်တကူ ဝင်သုံးခွင့်ပေးခြင်းတို့ဖြင့် အကောင်းဆုံးအသုံးပြုနိုင်ရန် သင်၏အကောင့်က ကူညီပါသည်။

သင့်ကို ကူညီရန်

လက်မှတ်ထိုးဝင်ထားသည့်အခါ သင့်အချိန်ဇယားများကို မျက်ခြည်မပြတ်စေရန် Gmail ကို သင့် Google Calendar၊ Google Maps တို့နှင့် စင့်ခ်လုပ်ခြင်းကဲ့သို့ နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် မေးစရာမလိုဘဲ အကူအညီပေးနိုင်ရန် သင်အသုံးပြုသည့် Google ဝန်ဆောင်မှုများက တစ်ဆက်တည်း အတူတကွဆောင်ရွက်ကြပါသည်။

သင့်အတွက် ရေးဆွဲထားသည်

မည်သည့်စက် သို့မဟုတ် မည်သည့် Google ဝန်ဆောင်မှုကို အသုံးပြုနေပါစေ အချိန်မရွေး စိတ်ကြိုက်စီမံနိုင်သည့် တသမတ်တည်းသော အသုံးပြုမှုကို သင့်အကောင့်က ပေးပါသည်။

သင့်ကို ကာကွယ်ပေးရန်

တိုက်ခိုက်နှောင့်ယှက်မှုများ သင့်ထံသို့မရောက်မီ အလိုအလျောက် သိရှိပြီး ပိတ်ထားနိုင်သည့် ထိပ်တန်းလုံခြုံရေးဖြင့် သင်၏ Google Account ကို ကာကွယ်ထားပါသည်။

ကူညီရန် အသင့်ဖြစ်ပါပြီ

Chrome မှစ၍ YouTube အထိ Google ဝန်ဆောင်မှုများက သင်လက်မှတ်ထိုးဝင်ထားသည့်အခါ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပါသည်။ အော်တိုဖြည့်၊ ပုဂ္ဂိုလ်ရေးသီးသန့် အကြံပြုချက်များနှင့် အခြားအရာများကဲ့သို့ အသုံးဝင်သောဝန်ဆောင်မှုများအား နှစ်သက်ရာစက်မှ အချိန်မရွေး အသုံးပြုနိုင်ခွင့်ကို သင့်အကောင့်က ပေးပါသည်။
အော်တိုဖြည့်
သင့်အတွက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ပေးသည်
အင်တာနက်တွင် အဆက်အသွယ်မပြတ်အောင် နေပါ

အော်တိုဖြည့်

သင့်အကောင့်တွင် သိမ်းထားသော အချက်အလက်များအသုံးပြုပြီး စကားဝှက်၊ လိပ်စာနှင့် ငွေပေးချေမှု အသေးစိတ်များ အလိုအလျောက်ဖြည့်ပေးခြင်းဖြင့် သင်၏ Google Account က အချိန်ကုန်သက်သာရန် ကူညီပါသည်။

သင့်အတွက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ပေးသည်

သင်၏ Google Account သို့ လက်မှတ်ထိုးဝင်သည့်အခါ အလုပ်ပိုမိုပြီးမြောက်စေရန် သင်အသုံးပြုသည့် Google ဝန်ဆောင်မှုအားလုံးက အတူတကွဆောင်ရွက်ကြပါသည်။ ဥပမာအားဖြင့် Gmail ဝင်စာများရှိ လေယာဉ်ခရီးစဉ် အတည်ပြုချက်များကို သင့် Google Calendar၊ Google Maps တို့နှင့် အလိုအလျောက် စင့်ခ်လုပ်လိုက်မည်ဖြစ်သောကြောင့် လေယာဉ်ကွင်းသို့ အချိန်မီရောက်ရှိစေသည်။

အင်တာနက်တွင် အဆက်အသွယ်မပြတ်အောင် နေပါ

စက်များတွင် YouTube ဗီဒီယိုများ ဆက်ကြည့်ခြင်းမှစ၍ သင့်အဆက်အသွယ်များ၊ အကြိုက်ဆုံး Play Store အက်ပ်များ အလွယ်တကူရရှိမှုအထိ Google တွင် ချောမွေ့စွာ အသုံးပြုရန်အတွက် တစ်ကြိမ်လက်မှတ်ထိုးဝင်နိုင်သည်။ Google Account သုံးပြီး အလွယ်တကူ ဘေးကင်းမြန်ဆန်စွာ ပြင်ပကုမ္ပဏီအက်ပ်များသို့ လက်မှတ်ထိုးဝင် နိုင်သဖြင့် Google ပြင်ပတွင်ပင် သင်၏သတ်မှတ်ချက်များကို သုံးနိုင်သည်။

Stay connected

သင့်အတွက်သာ

သင်၏ Google Account က သင်အသုံးပြုသော ဝန်ဆောင်မှုတိုင်းကို သင့်အတွက် ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ပေးသည်။ သင်၏ဦးစားပေးများ၊ ကိုယ်ရေးလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးသီးသန့် ထိန်းချုပ်မှုများကို နှစ်သက်ရာစက်မှ ဝင်ကြည့်ရန် သင်၏အကောင့်သို့ လက်မှတ်ထိုးဝင်လိုက်ပါ။
အရန်သင့် အသုံးပြုခွင့်
ကန့်သတ်ရန် ဆက်တင်များ
သင်၏အချက်အလက်များအတွက် လုံခြုံသောနေရာတစ်ခု

အရန်သင့် အသုံးပြုခွင့်

သင့်ဒေတာနှင့် ဆက်တင်များကို အချိန်မရွေး အသုံးပြုနိုင်ပါသည်။ သင့်ပရိုဖိုင်ပုံကို တို့ပြီး "သင်၏ Google Account စီမံရန်” လင့်ခ်အတိုင်း လိုက်သွားပါ။ သင့်ပရိုဖိုင်ပုံမှနေ၍ လက်မှတ်ထိုးဝင်ခြင်း၊ ထွက်ခြင်း သို့မဟုတ် ရုပ်ဖျက်မုဒ်ဖွင့်ခြင်းတို့ကိုလည်း အလွယ်တကူ ပြုလုပ်နိုင်သည်။

ကန့်သတ်ရန် ဆက်တင်များ

ကိုယ်ရေးလုံခြုံမှုနှင့် ပတ်သက်လာသည့်အခါ တစ်မျိုးတည်းသတ်မှတ်ထားလျှင် အားလုံးနှင့် အဆင်မပြေနိုင်ကြောင်း ကျွန်ုပ်တို့ သိပါသည်။ သို့ဖြစ်၍ Google Account တိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးစစ်ဆေးမှုကဲ့သို့ အလွယ်တကူ အသုံးပြုနိုင်သော ထိန်းချုပ်မှုနှင့် တူးလ်များ ကြိုတင်ထည့်သွင်းထားပြီး သင်နှင့်ကိုက်ညီသော ကိုယ်ရေးလုံခြုံမှု ဆက်တင်များကို ရွေးချယ်နိုင်ပါသည်။ အလွယ်တကူ ဖွင့်/ပိတ် နိုင်သော ထိန်းချုပ်မှုများဖြင့် သင့်အကောင့်တွင် သိမ်းမည့်ဒေတာကိုလည်း ထိန်းချုပ်နိုင်သည့်အပြင် သင့်ဒေတာများကို ရက်စွဲ၊ ထုတ်ကုန်နှင့် အကြောင်းအရာအလိုက်ပင် ဖျက်နိုင်သည်။

Privacy Control

သင်၏အချက်အလက်များအတွက် လုံခြုံသောနေရာတစ်ခု

သင်၏ Google Account က — ခရက်ဒစ်ကတ်၊ စကားဝှက်နှင့် အဆက်အသွယ်များ — ကဲ့သို့ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ သိမ်းရန် လုံခြုံသော ပင်မနေရာတစ်ခုကို ပေးအပ်ပြီး လိုအပ်သည့်အခါ ၎င်းကို အင်တာနက်တွင် အချိန်မရွေး အသုံးပြုနိုင်ပါသည်။

သင့်အချက်အလက်များကို သီးသန့်ထားရှိပြီး ဘေးကင်းလုံခြုံစေသည်

သင်၏ Google Account ရှိ အချက်အလက်အားလုံး ကာကွယ်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ‘လုံခြုံရေးစစ်ဆေးမှု’ နှင့် Google Password Manager ကဲ့သို့ အစွမ်းထက်သော အကာအကွယ်များ၊ တူးလ်များကို အကောင့်တိုင်းတွင် ထည့်ထားပါသည်။
အသင့်ပါ လုံခြုံရေး
လုံခြုံရေးကို စစ်ဆေးကြည့်ပါ
Google Password Manager

အသင့်ပါ လုံခြုံရေး

သင်၏ Google Account က သင့်ကိုယ်ရေးကိုယ်တာအချက်လက်များကို အလိုအလျောက် ကာကွယ်ပေးပြီး ၎င်းတို့အား သီးသန့်ထားကာ လုံခြုံစွာသိမ်းပါသည်။ အန္တရာယ်ရှိသောအီးမေးလ်များ၏ ၉၉.၉% ကို သင့်ထံသို့မရောက်မီ ပိတ်ထားပေးသော စပမ်းစစ်ထုတ်မှုများကဲ့သို့ စွမ်းအားမြင့်ဝန်ဆောင်မှုများ အကောင့်တိုင်းတွင် ကြိုတင်ထည့်သွင်းထားသည်။ ထို့ပြင် သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်နှင့် အန္တရာယ်ရှိ ဝဘ်ဆိုက်များအကြောင်း သတိပေးသည့် ပုဂ္ဂိုလ်ရေးသီးသန့် လုံခြုံရေးအကြောင်းကြားချက်များလည်း ပါဝင်သည်။

လုံခြုံရေးကို စစ်ဆေးကြည့်ပါ

ဤရိုးရှင်းသော တူးလ်က သင့်အကောင့်လုံခြုံစေရန် ပုဂ္ဂိုလ်ရေးသီးသန့်အကြံပြုချက်များ ပေးအပ်သည်။

Google Password Manager

သင်တစ်ဦးသာသုံးနိုင်သော ပင်မနေရာတွင် သင့်စကားဝှက်များကို လုံခြုံစွာသိမ်းပေးသည့် အသင့်ပါ စကားဝှက်မန်နေဂျာကို သင်၏ Google Account အတွင်း ကြိုတင်ထည့်သွင်းထားသည်။

သင်၏ Google ဤနေရာတွင် စတင်ပါသည်